၅.၃.၂၀၀၈ နေ့ရက်လေးမှာ
တယုတယ ပျိုးခဲ့တဲ့ ဟော်ဂနီပန်းပွင့်လေး
ချစ်သူ ( ၃ ) ယောက်ခြံရံပြီး
ဥယျာဉ်မှူးဆီ ပြန်လာခဲ့စဉ်
မဲနယ်ရောင်ပင်လယ်က
စေတန်အပြုံးတစ်ခုနဲ့
ငါ့ရင်ကို ကမ်းအမှတ်တိုတ်စားလို့နေလေရဲ့
ဥသြဌက်ကလေးရဲ့ စိုလက်မျက်ဝန်း
အရောင်အဆင်းမဲ့စွာပါဝင်နေလေရဲ့
တိမ်ယောင်တွေဖန်ဆင်းပြီး
ငါ့ရင်ကို မိုးကြိုးတွေပစ်ချ
ဦးတည်ချက်မဲ့စွာ လွင့်မျောလို့
မီးလျှံမျှင်တန်းလို ငြိမ်းသတ်မရတဲ့
ငါ့ရဲ့ ငိုက်မြည်းမှုတွေထဲမှာ
စစ်ရှုံးတဲ့တိုင်းပြည်ဘ၀လို
အုပ်ချူပ်သူမယ့်နေချိန်တွေ
နင် ဘုရင်မလာမလုပ်ပါနဲ့..
ငါအတွက် မိဖုရားပဲလိုချင်တယ်..
မုန်တိုင်းညများစွာထဲက ကြယ်ကြွေခဲ့တဲ့ည
လောကဓံကို နောက်ဆုံးထွက်သက်နဲ့ ကြိုနေတုန်း
မာယာမဲ့ပြုံးလေးနဲ့ လှမ်းဝင်လာတဲ့
နင်ရဲ့ခြေလှမ်းတွေအောက်မှာ ငါ့မာနတွေ
အပြိုင်းအရိုင်း လွင့်ကြဲနေလေရဲ့
လေထန်ကုန်းလို့ အမည်ပေးခဲ့တဲ့ညတွေ
နှောင်းအတိတ်က ချယ်ရီတစ်လျှောက်
ငါအတွေးတွေ မောင်းနှင်ခဲ့စဉ်က
တိတ်တခိုးချစ်နေခဲ့ရတဲ့ ညီမလေးတစ်ယောက်ကို
ခေါင်းစဉ်ပေါင်းများစွာနဲ့ ရင်ခုန်ခဲ့ဖူးတယ်..
တကယ်လက်တွေ့မှာတော့
အတွေးပုံရိပ် နဲ့ လက်တွေဘဝ
ပြန်လည်ဆုံတွေစဉ် အချိန်ကာလ
ဒီအကြောင်းတွေ ပြောပြမိခဲ့ရင်
ပဒုမ္မာနှုတ်ခမ်းလွှာ နဲ့ တမာမျက်ဝန်းတွေကို
ငါ့...ရင်ဆိုင်မိလိုက်ရတော့
ရင်ခွင်တစ်ခုလုံး မင်နီတွေ ရဲ..ရဲ..လို့ပေါ့ကွယ်.. ရဲသံစဉ် ( မြန်အောင် )